လှပသောနံနက်ခင်းလေးမှာ မင်းကိုတွေ့ရတယ်ဆိုရင်ပဲ ဒီနံနက်ခင်းလေးကို အချစ်နဲ့စလိုက်တယ်လို့မှတ်မယ်
ချစ်သူရေ…
တင်ပါးလှအောင် လေ့ကျင့်ခန်းလုပ်ကွဲ့
စကတ်တိုတိုဝတ် ငါ့ကို များများညှို့စမ်းပါ
ငါဟာ တင်ပါးတွေကို စိတ်ဝင်စားလွန်းလှတယ်
တစ်မျိုးတော့ မထင်ပါနဲ့
အနုပညာသက်သက်ပါပ
ခံစားရုံသက်သက်ပါပဲ
ပန်းပုရုပ်တွေလိုပေါ့
မျက်နှာတွေကတော့ အနေအထားအမျိုးနဲ့ပေါ့
တချို့က သူတို့ဟာ အရှင်သခင်လို
တချို့ကတော့ မတူမတန်သလို
တချို့ကတော့ ရိုးသားလွန်းတယ်ကွဲ့
တချို့ကတော့ မြူဆွယ်နေသလို
ကိုယ်ကတော့ ဘယ်လိုမှ မနေပါဘူး
အားလုံးကို လှနေတယ်လို့ထင်တာပါပဲ

တစ်ခါတလေ ခပ်တည်တည် မော်ဒယ်လ်ရုပ်မျိုးကို ကြိုက်မိပါတယ်
တစ်ခါတလေတော့ ကြည်လင်တဲ့မျက်နှာပိုင်ရှင်ကို ကြိုက်တယ်
တစ်ခါတလေတော့ ကပိုကရိုအလှပိုင်ရှင် နှစ်သက်မိပါတယ်
တစ်ခါတလေတော့ ညိုညိုတင်းတင်းလေးကို ခံစားမိပြန်တယ်

မိန်းကလေးတွေကို လိုအပ်တာထက် ပိုစိတ်ဝင်စားမိတာကစပြီး ယဉ်ယဉ်ကလေး ရူးတော့တာပါပဲ
မိန်းကလေးတိုင်းက တစ်ယောက်တစ်မျိုးလှနေကြတာကိုး
မင်းကိုတော့ အခိုက်ဆုံး အကြိုက်ဆုံးပေါ့
တင်ပါးလှလှ စကတ်တိုတို သလုံးသားသွယ်သွယ်ဖြောင့်ဖြောင့်စင်းစင်း
လှချင်တိုင်းလှတဲ့မင်းကို
ချိုအီစွဲမက် ချစ်လှတယ်ကွဲ့။

စက်တင်ဘာ၊ ၂၀၀၈။