ရင်ခုန်သလိုလို စိတ်လှုပ်ရှား
ဘာကြောင့်မှန်းမသိ
တစ်လတစ်ကြိမ် လတိုင်းမှာ
တစ်လလုံးလုံး အလုပ်လုပ်ခဲ့တာဆိုတော့
တစ်လလုံးလုံး စောင့်ခဲ့ရတာဆိုတော့
တစ်လလုံးလုံး မထုတ်ဘဲနေခဲ့ရတာဆိုတော့
ရလိုက်မယ့် လခအလုံးအခဲကို
ရင်ခုန်နေလွန်းတယ်လေ
နောက်တော့လည်း အလီလီစိတ်ပိုင်းပစ်လိုက်လို့
လစာခေါင်းကွဲပါရော့လား
ပိုက်ဆံများ ဘယ်များရောက်သွားပါလိမ့်လို့တွေးရင်း
နောက်တစ်လကုန်အောင်
နောက်တစ်ကြိမ်ရင်ခုန်အောင်
တစ်လလုံးလုံးထပ်စောင့်ရပေဦးမှာပေါ့
အလုပ်လုပ်တုန်းကာလများမှာ
လစာထုတ်ရက်များဟာ
ချစ်သူ့ကောင်မလေး အနမ်းပေးတဲ့ရက်တွေလိုပါပဲ။

စက်တင်ဘာ၊ ၂၀၀၈။