ချိုသော စိုသော လှသော နှုတ်ခမ်းအကုန်လုံးကိုချစ်တယ်

ဘ၀ကို ခပ်အေးအေးဖြတ်သန်းမယ်လို့ တွေးထားလို့

စိတ်ကူးပြာပြာလေးမှာသာ အဖြေရှာမိခဲ့

ခံစားလို့ရသလောက်ခံစားခဲ့ပေမယ့် ပီပီပြင်ပြင် မရှိခဲ့ပြန်ဘူး

အတွင်းဆုံးအရသာတွေကို နှိုက်မြည်းဖို့အတွက် အင်အားကလည်း မရှိပြန်ဘူး

မှန်းရုံနဲ့လွမ်းပေါ့

နှစ်နှစ်ကာကာချစ်ခင်ခဲ့တာပါ

အကောင်းဆုံးအရသာတွေကို တမ်းတရင်း မျက်ရည်ဝဲ

ဘ၀ကြွက်သားတွေ သန်မာဖို့ အများကြီးကြိုးစားရဦးမှာပါလား

အတွေးထဲမှာငို အလွမ်းဆွေးထဲမှာငို

ရက်စက်တဲ့ကံကြမ္မာကို ဆဲရင်းနဲ့ပဲ

စာတွေရေး ကဗျာတွေရေး

အနှစ်သက်ဆုံးအရသာများကို တမ်းတရင်း

စိုသောမြက်ခင်းများကို နမ်းရှိုက်

ခပ်မိုက်မိုက်နဲ့ပဲ ရူးနေခဲ့တာပေါ့။

 

စက်တင်ဘာ၊ ၂၀၀၈။