မနက်စောစောလည်း မထနိုင်ပါဘူး

ညအိပ်နောက်ကျလို့

အီကြာကွေးနဲ့ လက်ဖက်ရည်သောက်

ဘ၀ဟာ တစ်ခဏတော့ လှပသွားခဲ့

မိသားစုဘ၀ဟာ ဘ၀ရဲ့အရသာပဲပေါ့

ပိုက်ဆံရှာရတဲ့အလုပ်တစ်ခုသာ မရှိရင်

ဘ၀အဓိပ္ပါယ် ပိုကောင်းသွားမလား

နီပေါသံအမတ်ကြီးက ပြောဖူးတယ်

နေက အရှေ့ကထွက်တယ်

မနက်ခင်းဟာ နေ့ကို ပြဌာန်းသတဲ့

ကိုယ်ဟာ မနက်ခင်းတွေကို စိတ်ဝင်စားတယ်

မနက်ခင်းတွေဟာ သူ့ဟာသူကို လှပနေတယ်

မနက်ခင်းတင်းတင်းလေးတွေကို ချစ်တယ်

မုန့်ဟင်းခါးနဲ့ လက်ဖက်ရည်သောက်ရတဲ့ အခါမျိုးတွေမှာပေါ့။

 

စက်တင်ဘာ၊ ၂၀၀၈။