မလုပ်ခင် စဉ်းစား

သေချာစဉ်းစား အကြိမ်ကြိမ်စဉ်းစား

ဆုံးဖြတ်ပြီးရင် 

လုပ်ချင်တာလုပ် ဖြစ်ရင်လည်းခံ

ဒါမှ မင်းလူမှန်ဖြစ်လိမ့်မယ်။

 

ဝါသနာပါတာ ပျော်တာလုပ်

နှစ်ခါမရမဲ့ အခွင့်အရေး တန်အောင်ယူ

တိုတောင်းတဲ့ဘ၀မှာ 

ငယ်တုန်းမှာသာ လှသတဲ့။

 

အားအင်ဟာ လူငယ်ဆီမှာ

လုပ်ချင်တာလုပ်ပါ

အမှားတော့ မဖြစ်စေနဲ့ကွာ

မင်းပဲ ခံရမှာ သိပါ။

 

စက်တင်ဘာ ၂၀၀၈။