နတ်သမီးများနဲ့ကခုန်ရတဲ့အရသာဟာ အင်မတန်မိုက်တယ်

ငါဟာ နတ်သမီးတွေနဲ့ နေရတာကို ကြိုက်တယ်

ချိုမြိန်ရည်တွေကို နတ်သမီးတွေက တိုက်ကျွေးတယ်

သူတို့နတ်ဘုံရဲ့အရသာကို ငါ့ကို ပြဆိုတယ်

ငါဟာ နတ်သမီးတွေချစ်တတ်သူမှန်း ကိုယ့်ကိုယ်ကိုယ် သိလာတယ်

နတ်သမီးတွေကိုယ်တိုင်ရဲ့အရသာကိုက ချိုနေတယ်

သူတို့ဟာ သူတို့ကိုယ်တိုင်ကိုလည်း ငါ့အား စားသုံးစေတယ်

ငါဟာ သူတို့ကြားမှာ လှဲအိပ်တယ်၊ သူတို့ကို စားတယ်၊ သူတို့ရဲ့ ချိုမြိန်ရည်တွေကို သောက်သုံးတယ်

အို့…ဒီလိုဆိုတော့လည်း ဘ၀ဟာ အတော်လေး နေလို့ကောင်းတာပါပဲလားလို့ တွေးမိပြန်တယ်

နတ်သမီးတွေဟာ အယောက်ချင်းလှတယ်

တချို့က ငယ်နုတင်းရင်းတယ်၊ တချို့က ရင့်ကျက်ဖွံ့ထွားတယ်

နတ်သမီးလေးတစ်ပါးက ပန်းသီးတစ်လုံး ကျွန်တော့်ကို ကျွေးတယ်

သူကိုယ်တိုင် ကိုက်ဖဲ့ပြီး သူ့ကိုယ်ပိုင် နှုတ်ခမ်းလေးနဲ့ နှုတ်ခမ်းချင်းတေ့လို့ ခွန့်ကျွေးတယ်

ကျွန်တော်ဟာ နတ်သုဒ္ဓါတွေ မစားဖူးပါဘူး၊ ကျွန်တော်မ့မတတ် အရသာတွေ့ခဲ့တယ်

နောက်နတ်သမီးလေးတစ်ပါးက သူ့မေးရိုးလေးနဲ့ ကျွန်တော့်ကိုယ်လုံးကို ပွတ်သပ်နှိပ်ပေးတယ်

ကျွန်တော်ဟာ မိန်းကလေးတွေ အတွေ့အထိကို မခံဖူးပါဘူး၊ ထိတာနဲ့ ထူးခြားတဲ့သူပါ

အခုတော့ နတ်သမီးအတွေ့မှာ ကျွန်တော်ဟာ ရူးမတတ်ဖြစ်ခဲ့ရပြီ

နတ်သမီးတစ်ပါးကတော့ ကျွန်တော့်ကို ပွေ့ဖက်ထားတယ်၊ နတ်သမီးကို အနီးကပ်တွေ့ဖူး ကြည့်ဖူးတဲ့ ကျွန်တော်ဟာ

သေဆုံးသွားတယ်။

 

စက်တင်ဘာ၊ ၂၀၀၈။