ငါ့နားထင်နှစ်ဘက်ကို ပြုတ်တူကြီးနဲ့ ညှပ်ထားသလိုမျိုး

ဝဋ်ဒုက္ခခံလိုက်ရတာ

အလုပ်မလုပ်နိုင် တမှိုင်မှိုင် ခေါင်းကိုက်လို့ ထိုင်

စိတ်အာရုံ မစုစည်းနိုင် 

စိတ်ညစ်စိတ်ရှုပ်လိုက်တာလည်း လွန်ပါရော

ဆေးလိပ်သောက်လို့ဖြစ်တာပေပ

ဆေးလိပ်တစ်လိပ်ကြောင့်ဖြစ်တာပေပ

ကြောက်စရာဆေးလိပ် အဆိပ်ငွေ့ကို ဘာကြောင့် ငါ အကြိမ်ကြိမ် ရှုသွင်းနေရပါလဲ

စိတ်မနိုင်တဲ့ငါ

ရှက်ရွှံ့စရာ မခန့်လှတာ

စိတ်အင်အားလည်း နည်းလှတာ

သနားစရာ ကုလားမသာ အလကားကောင်ပါ

ရယ်စရာ ဟာသ

အူကြောင်ကြောင် လူ့ငနွား ဖြစ်မှန်းမသိဖြစ်နေတာ

ခက်လိုက်တာ

မသောက်စမ်းပါနဲ့ အစုတ်ပလုပ် မောင်မောင်ငထွားရာ။

 

စက်တင်ဘာ၊ ၂၀၀၈။