ဘ၀အမာ စာမျက်နှာများမှာ

အနာရွတ်ထင်အောင် ရေးထိုးရင်း

ခေါင်းတွေကိုက် ဗိုက်တွေအောင့်

ဖင်တွေကြိမ်းလို့

ဒါ ဘ၀လို့ တွေး 

ပင်ပန်းပြီးရင်း ပင်ပန်း

တကယ်စိတ်ညစ်ဖို့ ကောင်းပါတယ်။

 

အခုမှ မဟုတ်ခဲ့ပါဘူး

နှစ်တွေတောင် အတော်ကြာခဲ့ပေါ့

ခဏသာ စိတ်ချမ်းသာစရာကောင်းခဲ့တဲ့ဘဝ

လုံးလုံးကို မလိုချင်တော့ပါဘူးကွယ်

သနားကြပါဦး။

 

ရင်လည်း မခုန်ချင်တော့

တုန်လှုပ်မှုများလည်း မကြုံချင်တော့

အေးအေးသက်သာ သာ နေချင်ခဲ့မိတယ်

ခေါင်းကိုက်လွန်းလို့။

 

စက်တင်ဘာ၊ ၂၀၀၈။