မင်းအပြုံးနု လျော့လျော့လေးကြားမှာပဲ

ကိုယ်ဟာ ပါးပါးလေး နူးညံကြေကွဲခဲ့ရတယ်

တွေးမိတိုင်း အကြိမ်ကြိမ်

နောင်တတွေသာ တိုးလို့ ထမ်းပိုးနေမိတယ်။

 

မင်းဟာ ကိုယ့်အနားကို တိုးတိုးလေးကပ်လာ

ရဲရင့်မှုကြောင့် မင့်မျက်နှာလေး လှလိုက်တာ

ချစ်စရာလေးကွာ

ဘာနဲ့မှ မလဲနိုင်တော့တဲ့ အဲဒီအရသာ

ငါဟာ ငတ်မွတ်လို့ အခါခါတောင့်တနေတာ

မင်းလေးသိစေချင်လိုက်တာ။

 

တကယ်တော့ကွာ မင်းလေးနဲ့ နေချင်လိုက်တာ

စေ့ထားတဲ့ မင်းနှုတ်လေးကို ချစ်လိုက်တာ

ဘ၀တစ်ခုလုံး မင့်ကို ပုံပေးလိုက်ချင်တာ

မြင့်မြတ်တဲ့အချစ်တွေနဲ့ ချစ်လိုက်ချင်တာ

ကမ္ဘာ့ဂန္ထ၀င်အချစ်ဇာတ်လမ်းတစ်ပုဒ် မင်းလေးနဲ့ဖန်တီးလိုက်ချင်တာ

ငါ့ဆန္ဒတွေ မြောက်မြားစာထဲမှာ မင်းလေးဟာ မပါမဖြစ်ပါ

လွမ်း လွမ်းလိုက်တာကွာ

ပြော ပြောမပြနိုင်အောင်ပါ၊

ကံရှိသရွေ့တော့ ပြန်တွေ့ဖို့ မျှော်လင့်နေဆဲပါ။

 

စက်တင်ဘာ ၂၀၀၈။