ကျွန်တော့်မှာ မလှတဲ့နေတွေရှိတယ်

အထူးသဖြင့် စိတ်ဆင်းရဲတဲ့နေ့တွေပေါ့

ဘာကြောင့်စိတ်ဆင်းရဲသလဲမေးလာရင်

အဆင်မပြေလို့ပေါ့

ဘာတွေ အဆင်မပြေလဲဆိုရင်တော့

အကုန်လုံးပါပဲ

အိမ်မှာ အဆင်မပြေဘူး

အလုပ်မှာ အဆင်မပြေဘူး

ဘ၀ဟာ အဆင်မပြေဘူး

နေ့စဉ်နေ့တိုင်းမှာ အပျော်ထက် အမောတွေ များနေတယ်

စိတ်ကို အောက်ဆုံးမှတ်ထိ လျှော့ချထားပါသော်လည်း

မခံစားနိုင်ဘူးဖြစ်နေတယ်၊

ကျွန်တော်ဟာ ကိုယ်ကိုယ်တိုင်လည်း ဘာဖြစ်မှန်း မသိဘူး

ဘာလိုချင်မှန်းလည်း မသိဘူး

စိတ်မချမ်းသာတာပဲ သိတယ်

အဆင်မပြေဘူး

အလုပ်တွေ မလုပ်ချင်တော့ဘူး

ဘာမှလည်း မလုပ်ချင်တော့ဘူး

အေးအေးသာ နေချင်တော့တယ်

ဘယ်လို အေးအေးနေလို့ရမှာလဲ ဘ၀မှာ

ဘ၀ဟာ တစ်ခုမဟုတ်တစ်ခု ရှုပ်နေမှာပဲ မဟုတ်လား

အဲဒါကြောင့်ပဲ ဘ၀ဖြစ်နေတာ မဟုတ်လား

သေချာတော့ နားမလည်ပါဘူး

ကိုယ်ကိုယ်ကိုယ် မသိတဲ့သူဟာ အဆိုးဝါးဆုံးဖြစ်တယ်ဆိုတာကိုတော့ သိပါတယ်

တကယ်တော့ ကျွန်တော်ဟာ သနားစရာကောင်းတဲ့နေ့များထဲ

သနားစရာကောင်းတဲ့ သတ္တ၀ါတစ်ဦးအဖြစ်နဲ့ နေထိုင်နေသူပါ။

 

စက်တင်ဘာ၊ ၂၀၀၈။