တစ်ကွက်ချင်း ရွှေ့ကြတာပါ

ပြိုင်ပွဲတစ်ခုလို

တကယ်တမ်းတိုက်ပြီဆိုမှတော့

အတက်အဆုတ် အခံအတိုက်နဲ့

အားကုန်မာန်ကုန် ရမ်းကြခဲ့ရပါ့

အားမနာနိုင်ဘူး

မျောက်သားစားချင် မျောက်မျက်နှာ မကြည့်နဲ့ဆိုသလို

အားရပါးရ ခုတ်ထည့်ကြပေါ့

ရှေ့သို့ဆိုတာချည်းပဲမို့ နောက်မှ မတွန့်ခဲ့ကြဘဲ

နောက်မှသာ

တရေးရေးပြန်တွေးရင်း ကြိတ်ကြိတ်ဆွေးနေခဲ့ရ

အို…

မုန်းသွားမလား စိုးရိမ်လို့။

 

စက်တင်ဘာ၊ ၂၀၀၈။