စက်ဝိုင်းကြီးက လှလိုက်တာ

ဝိုင်းဝိုင်းစက်စက်ကြီး

တကယ့်ကို အကြီးကြီး

တစ်ခါမှ မမြင်ဖူးဘူး၊

 

ရောင်စဉ်တွေ ဖြာထွက်လို့

ငါ ကံကောင်းလိုက်တာ

မိုးကုပ်စက်ဝိုင်းကြီးကို ငါ

တွေ့ခဲ့ရတာ၊

 

ဒါဟာ ထူးဆန်းမှုတစ်ခုပါပဲ

မိုးကုပ်စက်ဝိုင်းဟာ လှပမှုပါပဲ

ငါ အောင်မြင်ရမယ်

အတိတ်နိမိတ်ပုံတွေပါပဲ၊

 

မိုးကုပ်စက်ဝိုင်း အလှမှာ

ငါ ယစ်မူးခဲ့တယ်

မိုးကုပ်စက်ဝိုင်းကြီးရယ်

ငါ့ကို ခေါ်လှည့်ပါကွယ်။

 

စက်တင်ဘာ၊ ၂၀၀၈။