ရဲစိုသော သူ့နှုတ်ခမ်းမှာ ငါ ကျရှုံး

လှလိုက်တာများ အနှေးပြကွက်နဲ့ ပြန်ကြည့်မိတာ အကြိမ်ကြိမ်

အရှုံးဟာ လှလိုက်တာ

နှုတ်ခမ်းပွင့်နောက်က အပြုံး

အဖြူရောင်ကြောက်ကလေးများ မာယာမပါပေမယ့် ငါ့ကို ညှို့ထားသလို

ထွက်လိုကို မရဘူး

ဘာမှမလုပ်ပဲနဲ့ကို ငါဟာ တိုးဝင်နေခဲ့

ကော်မိထားတဲ့ ကြွက်တစ်ကောင်လို

နောက်ဆုံးတော့ အိတ်ထဲထည့် အလုံပိတ် သတ်ပစ်လိုက်မှာပဲ မဟုတ်လား

မင်းနှုတ်ခမ်းဟာ စိုတုန်း လှတုန်း နေမှာပါပဲ။

 

စက်တင်ဘာ ၂၀၀၈။