ဘယ်လိုမှ ထိန်းသိမ်းလို့မရ

မတည်ငြိမ်နိုင်

အားနည်းလိုက်တာများ

ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်စိတ်ဆိုး 

ထိပ်ထိုးချင်လိုက်သမှ …

 

ဒုက္ခများလိုက်တာ

ဒီလောက်ထိ မတည်ငြိမ်ရကောင်းလား

တုန်လှုပ်လှချည်လား

လောကဓံရိုက်ချက် ခပ်ပါးပါး(တကယ့်ကို ပါးပါး)မှာတောင်

ကိုယ်ဟာ အကြိမ်ကြိမ်ကျရှုံး

ရက်ရက်စက်စက် တုံးလှတဲ့သူ၊

 

ဘယ်လိုငြိမ်အောင် လုပ်ရပါ့

ဒီဘ၀ထဲက ထွက်ပြေးလည်း ဘ၀သစ်တွေထဲမှာ

အလားတူအဖြစ်မျိုးတွေ မကြုံပါဘူးလို့

ဘယ်သူလာ အာမခံမလဲ။

 

ထိန်းသိမ်းလို့မရလှအောင်

ထိုးမီးတွေများလာလိုက်တာ

အသက်အရွယ်နဲ့တောင် မမျှ

အတော်ကြောက်စရာ ကောင်းနေပါပေါ့။

 

ရူးလှချည်လားလို့ ထင်မြင်မိ

ကြိတ်ငိုရတဲ့အကြိမ်ပေါင်းလည်း မနည်း

ခက်တာက ကိုယ်ကိုယ်တိုင်ပါပဲ

ဒုက္ခများလိုက်တာ

သမာဓိပျက်တဲ့ ဘ၀။

 

စက်တင်ဘာ၊ ၂၀၀၈။