တကယ်က ချစ်ချင်သေးတာ

အားလုံးပြီးဆုံး

နောက်ဆုံးအနမ်းမို့ ပေးပါ

တောင်းခံချင်သေး

လှတပတလေးပါ

ပေါင်တံရှည်လေးများ

ဘ၀ဟာ

ရှိုးတိုးရှန်းတန်း တာ့တာ။

 

ရေးခဲ့ဖူးတဲ့စာ ပြောခဲ့ဖူးတဲ့စကား

ဘယ်တော့မှ မမေ့ဘူးဆိုပေမယ့် မေ့ပြီ

အကောင်းဆုံးလို့ ထင်ခဲ့တာတွေ သွားပြီ

နားခဲ့ဖူးတဲ့ကိုင်းများ ကျိုးလို့

ဒုက္ခလှလှ ရောက်ပြီ။

 

ဇာတ်သိမ်းခန်းရောက်ပြီ

သူမထွက်သွားပြီ

လာခဲ့သော ခြေလှမ်းများ

တဖြည်းဖြည်း ပြန်လှည့်လို့

တီးလုံးသံ လေးလေးမှန်မှန်နဲ့

ပြီးသွားခဲ့ပါပြီ။

 

စက်တင်ဘာ ၂၀၀၈။