လောကကြီးကို စိတ်ကုန်နေတာများ သူ့မှာ

အားအားယားယား ရှိလိုက်တာ

မလုပ်ချင် မကိုင်ချင်စိတ်တွေနဲ့တဲ့

နေ့စဉ်ဖြတ်ကျော်နေတာများ ဒီတံတားလေးမှာ။

 

တစ်ခုခုထလုပ်လိုက်ပါလားလို့ဆိုတဲ့ စိတ်တစ်ခုကို

သူ့ဟာသူ သေစေဖို့ သူကိုယ်တိုင်မှာ ဆင်ခြေတွေ အလုံအလောက်နဲ့မို့

ကမ္မ၀ါမကြောက်တော့တဲ့ ဘုန်းကြီးတစ္ဆေလို

ပြောရခက်လိုက်တာ ဒီလူကြီးကို။

 

ဘ၀ပြီးရင်းဘ၀တွေကို သိသိကြီးနဲ့

အသက်ရှုတောင် မမှန်သေးတော့ 

ကြီးကြီးကျယ်ကျယ်တွေ လာပြောနေလဲ

ရယ်ရုံက လွဲပြီး ဘာမှတ်ချက်မှ မပြုနဲ့။

 

သူ့ဟာနဲ့သူတောင် မသိသေးတာ

ဘေးကလူလည်း ဘာမှ မတတ်နိုင်ဘူး

သေသေချာချာ ဆင်ခြင်ကြည့်မှ 

ဘယ်သူ့ အပြစ်မှ မဟုတ်ဘူး

အားအားယားယား ရှိလွန်းလို့။        ။

 

အနီး အဝေး မြင်းကွင်းများ မှ၊ စက်တင်ဘာ ၂၀၀၈။