အဲဒီမနက်ခင်းမှာပါပဲ

တိမ်တွေ ပိုပြာသွားတယ်

ကုန်းညိုညို ပိုလှသွားတယ်

ကျေးသားတေး ပိုချိုလှတယ်

နံနက်ခင်း လေပြေနုနုများကြားမယ်

ချစ်သူမျက်နှာဟာ လှတယ်။

 

သူမ အားလျော့ပုံ မရဘူး

ပင်ပန်းပုံ မဆောင်ဘူး

ပါးလျားပေးမယ့် ကြိတ်ကြိတ်တွေးပြီး

ဆတ်ဆတ်လူး ပျော်နေပုံရတယ်

ချစ်သူမျက်နှာ လှတယ်။

 

ဂစ်တာတေးနဲ့ ကဖေးအရသာ

စွက်စွက်ကလေးသမတုန်းမှာ

လျှက်တပြက်ပြေးသွားတဲ့ ချစ်သူမျက်နှာ

မျက်နှာပေါ်က ခံစားမှုအလွှာ

ပုဝါပါးကွာ

အချစ်နဲ့ သွန်းထားတယ်။

 

မင်းနဲ့မတွေ့သော နေ့များမှ၊ စက်တင်ဘာ ၂၀၀၈။