ကိုယ့်ချစ်သူကို ကိုယ်ပြန်ပြောရတယ်

စိတ်မကောင်းပါဘူး

မခံစားနိုင်တော့လို့ပါ

ဘ၀ဟာ ရူးရူးကြီး နေနေရသလို

ဘာကိုမှလည်း မဖြစ်ချင်တော့ဘူး

ဘာကိုမှလည်း မရချင်တော့ဘူး

ဘာကိုမှလည်း နားမလည်တော့ဘူး

ဟန်ဆောင်ကောင်းလို့သာပေါ့

နေ့စဉ်ရုပ်ရှင်ရိုက်ကွင်း

ကိုယ်ဟာ မင်းသားတော့ မဟုတ်

ရိုက်ကွင်းထဲမှာ ပါ၊

 

ဒီစိတ်တွေပါပဲ ဖြစ်ခဲ့တာ ကြာပေါ့

ရယ်မိတာလည်း အကြိမ်ကြိမ်

သူရူးကြီးလို့တောင် တချို့ တချို့ ထင်ပေါ့

အကယ်ဒမီအိုက်တင်များ ဘယ်ရောက်ကုန်သွားပါ့

ဟန်ဆောင် မကောင်းတော့ဘူး

မျက်ရည်ခန်းမဟုတ်တောင် မျက်ရည်လွယ်ခဲ့ပြီ၊

 

ဇာတ်သိမ်းလိုက်ပါတော့

တော်လိုက်ပါတော့

နားလိုက်ပါတော့

ရပ်လိုက်ပါတော့

ဒါရိုက်တာက ခပ်တည်တည်ရယ်

သားရယ် သုံးလ လောက်တော့ ကူလှည့်ပါဦးတဲ့။

ဗျာ…..

 

အန္တိမကောင်းကင်သို့ ရှိခိုးခြင်းများမှ၊ စက်တင်ဘာ၊ ၂၀၀၈။