နေမကောင်းတာ သုံးရက်တောင်ကြာပြီ

ဒီညလည်း အိပ်မပျော်ပြန်ဘူး

အလိမ်လိမ် အထွေးထွေးနဲ့ နေရတာ 

မကောင်းပါဘူး

မထောင်းသာဘူး

ကယ်သူမဲ့။

 

အရင်းအနှီးတွေက တကယ် မရင်းနှီးဘူး

တစ်ကိုယ်တော် တွေးရင်းနဲ့ ညဥ့်နက်နက်

ဘယ်သူမှလည်း မသိဘူး

နေရခက်သမှ ဘာလုပ်ရမှန်း မသိဘူး၊

 

ညစ်နေရင်း ညစ်ခဲ့

ဘယ်မလဲ သူများတွေပြောတဲ့ အရသာ

ခါးသက်နေပုံများ တုန်လှုပ်ကြောက်စရာ

ခက်တယ်ကွာ၊

 

ညတွေဟာ နက်နေပုံများ လှလိုက်တာ

ကြည့်ရင်းကို ကြိုက်နေခဲ့

ကြိုက်နေရင်းကို ခိုက်နေခဲ့

ခိုက်ရင်းနဲ့ကို မိုက်နေခဲ့

မိုက်ရင်းနဲ့ကို နက်နေခဲ့

မနေ့က ညများမှာ

ကိုယ်တစ်ယောက်တည်း။        ။

 

အဝေးပြေးပြေး မှ၊ စက်တင်ဘာ ၂၀၀၈။