ဒီလမ်းကို ကိုယ်လျှောက်ခဲ့တာပါပဲ

ဒီကားကို ကိုယ်ရေးခဲ့တာပါပဲ

သူ့ကို ကိုယ်ချစ်ခဲ့တာပါပဲ

သူ့ကို မုန်းချင်ပြီ

ဒီကားကို ဆေးအနက်တွေ ပက်လိုက်ချင်ပြီ

ဒီလမ်းကို ဖျက်လိုက်ချင်ပြီ။

 

တကယ်တော့

တစ်ဘ၀လုံး မချိုမြိန်ခဲ့တာပါ

အပျော်မက်တတ်လို့သာ 

အပေါက်ထဲ ၀င်ခဲ့မိတာ

သတ္တိမရှိတာတော့ ပိုပိုသိလာခဲ့ပြီ။

 

မကယ်နိုင်တော့ဘူးလား

ဘယ်သူမှ မကယ်နိုင်တော့ဘူးလား

အသက်ရှုရတာတောင် မလှတော့ဘူး

ဒီလူရယ်

ဒီကားရယ်

ဒီလမ်းမှာကွယ်

ချစ်သူဟောင်းနဲ့ ခွကျတယ်။

 

အနီး အဝေး မြင်ကွင်းများ(ကိုယ်တိုင်ကြည့်ကြည့်ခြင်း)၊ စက်တင်ဘာ ၂၀၀၈။