မနက်ခင်းတိုင်း ပြောကြဆိုကြ နားထောင်ကြ
မင်္ဂလာပါ နှုတ်ခွန်းဆက်စကား
ကြည်သာ ချိုမြ နေ့သစ်အစ
ကိုကိုလည်း ပြော
ပျိုပျိုလည်း ပြော
မင်္ဂလာပါ စကားတစ်ခွန်း။

အားအင်သစ်များ လန်းဆန်းပါ
နံနက်ခင်းတိုင်းမှာ
ကြိုးစားလို့ အားကိုထုတ်
အလုပ်စတင် လုပ်
အစကောင်းမှ အနှောင်းသေချာ
အားလုံးသိကြတာ
နံနက်ခင်းကို အောင်အောင်ပြု
ညီနောင်မယ်တို့ ထောင်ထောင်ဆု
ရပါစေကြောင်း မောင်ဆုတောင်း
မင်္ဂလာဆုတွေ ရစေကြောင်း။

စက်တင်ဘာ ၂၊ ၂၀၀၈ နံနက်ခင်း ၁၀ နာရီ ၄၀ မိနစ်။